
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာဝင်း(န်)ကျိုး အထွေထွေလူမှုစီးပွားဖွံ့ဖြိုးရေးအဖွဲ့ တည်ထောင်ခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ Lotte ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် အဖွဲ့ဝင် များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ မြန်မာ – တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်နှင့် တာဝန်ရှိသူများက အဖွင့်အမှာ စကားပြောကြားကြပြီး အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် နှစ်နိုင်ငံ စီးပွားရေးကဏ္ဍများအတွက် နားလည်မှုစာချွန်လွှာများကို သက်ဆိုင်သူများက လက်မှတ်ရေးထိုးခဲ့ ကြပါသည်။
မြန်မာ ဝင်း(န်)ကျိုး အထွေထွေ လူမှုစီးပွား ဖွံ့ဖြိုးရေးအဖွဲ့သည် ယန်စီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အသင်းဖြစ်ပြီး ကုမ္ပဏီပေါင်း ၂၀၀ ကျော်ဖြန့်ကျက်၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အိုင်တီနည်းပညာကဏ္ဍ၊ လျှပ်စစ်ကဏ္ဍဆိုင်ရာ လုပ်ငန်းများနှင့် သားရေ ထုတ်ကုန်လုပ်ငန်းများ အဓိက ဆောင်ရွက်လျက်ရှိသည့် အသင်းကြီးဖြစ်ကြောင်း သိရှိရပြီး မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား လူမှုစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရာတွင်လည်း အထောက်အကူပြုသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
