ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးသည် ပြည်တွင်း အခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြဦးနှင့်အဖွဲ့အား ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ်နှင့် ခေတ်မီနည်းပညာ အသုံးချ ဘက်စုံလွှမ်းခြုံသော အခွန်စီမံခန့်ခွဲမှုစနစ်တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါ သည်။