
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ မတိုင်မီကမှတ်ပုံတင်ထားခဲ့ကြသော ကုမ္ပဏီများ နှင့်အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ကျင့်သုံး ဆောင်ရွက်သည့် အီလက်ထရောနစ် မှတ်ပုံတင်စနစ် MyCO တွင်၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစ၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၆ လကာလအတွင်း သတ်မှတ်ပုံစံ နည်းလမ်းများအတိုင်း ပြန်လည်မှတ်ပုံတင်ကြရန် အသိပေးပြီးဖြစ်ပါသည်။
ယခုအခါ ပြန်လည်မှတ်ပုံတင်ရန်ကာလ ကုန်ဆုံးရန် ယနေ့ ၁ ရက်သာ ကျန်ရှိပါသဖြင့် အဆိုပါ ကုမ္ပဏီများနှင့်အဖွဲ့အစည်းများအနေဖြင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြန်လည်မှတ်ပုံတင် ဆောင်ရွက်နိုင်ကြပါရန် ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန