
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်စေရန်နှင့် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး ဦးဆောင်သော ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့နှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မွန်းလွဲ ၁၄: ၀၀ နာရီ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီး မြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့မှ သက်ဆိုင်ရာ တာဝန်ခံများနှင့် ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း များနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုအဆင်ပြေချောမွေ့စေရေး ပံ့ပိုးပေးမှုကိစ္စရပ်များ စသည့်တို့ကို ရှင်းလင်း၍ သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါသည်။