ထိုင်းနိုင်ငံ ၊ ဗန်ကောက်မြို့တွင် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင် နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့် တို့သည် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (TICA) ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ (BOI) တို့၏ အစီအစဉ် ဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပ ပြုလုပ်မည့် “ Workshop on Investment Promotion for Mekong Countries towards AEC and Beyond” သို့ တက်ရောက်ရန်အတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက် နေ့တွင် ရန်ကုန်မြို့မှ ထွက်ခွာသွားပါသည်။