
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ( ၁ / ၂၀၁၉) ကြိမ်မြောက် အစည်း အဝေးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါလုပ်ငန်းများတွင် အသားထုပ်ပိုးခြင်းလုပ်ငန်း၊ ဆန်နှင့် ဆန် ဆက်စပ်ထုတ် ကုန်များ ထုတ်လုပ် ရောင်းချ ဖြန့်ဖြူးခြင်းလုပ်ငန်း၊ တိရိစ္ဆာန် အစားအစာ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ ကြက်သားပေါက် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အထည် ထုတ်လုပ် ခြင်းလုပ်ငန်း၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းလုပ်ငန်း၊ LPG တင်သွင်းသိုလှောင်ဖြန့်ဖြူး ရောင်း ချခြင်းလုပ်ငန်း၊ ကုန်လှောင်ရုံနှင့် ထောက်ပံ့ပို့ဆောင်မှု ဝန်ဆောင်မှုလုပ်ငန်းနှင့် မော်တော်ယာဉ် စက်ပြင်သင်တန်းကျောင်းလုပ်ငန်းတို့ပါဝင်ပါသည်။ အဆိုပါ လုပ်ငန်းများမှ ပြည်တွင်းအလုပ်အ ကိုင် အခွင့်အလမ်းပေါင်း (၂,၂၂၇)ဦး ဖန်တီးပေး နိုင်မည့် လုပ်ငန်း (၉)ခု အားခွင့်ပြုခဲ့ပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၁)ဦး တက်ရောက်ကြပါသည်။
