
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို အပါအဝင် စုစုပေါင်းအဖွဲ့ဝင် (၇) ဦးနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ရာနူန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ်နှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မည့်လုပ်ငန်း (၂) ခုကို အတည်ပြုပေးခဲ့ပြီး ကော်မတီ၏ ယခင်အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့သည့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းသို့ အတည်ပြုမိန့်ကဒ်ပြားအား ပေးအပ်ခဲ့ပါသည်။
