
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်–၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေး အဖွဲ့(ကယားပြည်နယ်)နှင့် ချေးငွေရယူထားသော ကယားပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များ ပဥ္စမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များနှင့် လုပ်ငန်းရှင်များ စုစုပေါင်း (၂၀) ဦး တက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင် စိစစ်ကြပ်မတ်ရေးအဖွဲ့ (ကယားပြည်နယ်) ဥက္ကဋ္ဌ က ချေးငွေများ၏ အတိုးနှုန်းပြန်လည်ပေးသွင်းပြီးစီးမှု ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသိပေး ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များမှ ပြန်လည်ဆွေးနွေး ခဲ့ကြပြီး တင်ပြချက်များအပေါ် ဥက္ကဋ္ဌ က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ပါသည်။