
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၁၀ရက်နေ့တွင် ပုသိမ်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပါသည်။
အစည်းအဝေးတွင် ကော်မတီသို့ တင်ပြလာသည့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုနှင့် မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုအားအတည်ပြုမိန့်ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ကြ ပါသည်။