
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဟိုတယ်လုပ်ငန်း ဆောင်ရွက်ရန် ပြင်ဆင်နေသည့် ထားဝယ်မြို့ရှိ MinnTun Trading Company Limited နှင့် ရာဘာသစ်အခြေခံ စက်မှုလုပ်ငန်း ဆောင်ရွက်နေသည့် Dawei Holding Company Limited သို့ တနင်္သာရီတိုင်းဒေသကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဦးဖြိုးဝင်းထွန်း ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

