ထိုင်းနိုင်ငံသို့ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

Print Friendly, PDF & Email

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးမျိုးခိုင်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (TICA)၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ (BOI)တို့၏ အစီအစဉ်ဖြင့်  ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် “Workshop on Investment Promotion for Mekong Countries towards AEC and Beyond”  သို့ တက်ရောက်ရန်အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၉  ရက်နေ့ တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ ပါသည်။