
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြစ်ကြီးနား၊ ဇန်နဝါရီလ ၂၃ ရက်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းမှ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ SME ချေးငွေကိစ္စရပ်များနှင့် ပတ်သက်၍ ကချင် ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ နှင့် တွေ့ဆုံပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရုံးကြီးလမ်း၊ ဧရာရပ်ကွက်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြစ်ကြီးနား စက်မှုလက်မှုနှင့် လုပ်ငန်းရှင် များ အသင်းမှ အသင်းဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက် ခဲ့ပါသည်။
အခမ်းအနားတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ SME ချေးငွေ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
အစည်းအဝေး ဒုတိယပိုင်း အခမ်းအနားတွင် မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်း ဘက်စုံပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင် ဦးကျော်အောင်မိုးမှ မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်း ဘက်စုံပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင် ဦးထွန်းညွန့်မှ မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အကြံပြုချက် စာတမ်းအပေါ် ဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်းနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့်အချက်များ၊ လိုအပ်သည်များအား အကြံပြု ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း ဦးရေ (၁၀၅) ဦး တက်ရောက်ခဲ့ပါသည်။



