
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရှမ်းပြည်နယ်ဦးစီးမှူးရုံး)က ဦးဆောင်၍ ရှမ်းပြည်နယ်အတွင်း မွေးမြူရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တောင်ကြီးဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ရှမ်းပြည်နယ် ဦးစီးမှူးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရရှိနိုင်သော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း၊ လုပ်ထုံးလုပ်နည်းများရှင်းလင်းခြင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ရှမ်းပြည်နယ်ဦးစီးမှူးက မွေးမြူရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သိရှိလိုက်နာရမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြပါသည်။
ဆက်လက်၍ တက်ရောက်လာသော ကိုယ်စားလှယ်များက မွေးမြူရေးကဏ္ဍ နှင့်ပတ်သက်၍ တွေ့ကြုံရသည့်အခက်အခဲများ၊ အကြံပြုလိုသည်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။
