
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

အစ္စရေးနိုင်ငံမှ DLG ကုမ္ပဏီ တည်ထောင်သူ Mr. Doron Landau အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး အား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း များနှင့်သက်ဆိုင်သည့် အဓိကဆောင်ရွက်ချက်များနှင့် အခွင့်အရေးများအပေါ် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကိစ္စများ၊ DICA နှင့် အခြား ဆက်စပ်ဝန်ကြီးဌာနများ၏ အခန်းကဏ္ဍများ၊ တာဝန် ဝတ္တရားများနှင့်စပ်လှဉ်း၍ ဆွေးနွေးခဲ့ပါသည်။