JIA XI (YANGON) GARMENT CO., LTD. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်)မြို့နယ်၊ စက်မှုဇုန်(၁)၊ ဟားခါးလမ်း၊ မြေကွက်အမှတ်(၅၁၁/အေ) ရှိ Jia Xi (Yangon) Garment Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ စက်ပစ္စည်းတပ်ဆင်ထားမှုအခြေအနေ၊ အလုပ်သမား ခန့်ထားမှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မှုအခြေအနေနှင့် တည်ဆောက်ရေးကာလအခြေအနေ စသည်များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။