ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၁) ကြိမ်မြောက်အစည်းအဝေး ကျင်းပ

Print Friendly, PDF & Email

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၁) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၁ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ကျင်းပရာ ကော်မတီဉက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ လုပ်ငန်းရှင်များ တက်ရောက်ကြပါသည်။

အစည်းအဝေး၌ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း၊ တည်ဆောက်ရေးကာလတိုးမြှင့်ခြင်းနှင့် အခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခွင့်ပြုရန် တင်ပြလာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ  အလုပ်အကိုင်အခွင့်အလမ်းနေရာ ၂၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ပြီး   ပဲခူးတိုင်းဒေသကြီးသို့  ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ  ၂၁.၅ သန်းကျော် စီးဝင်လာမည်ဖြစ်ပါသည်။