ဩစတြေးလျနိုင်ငံ၊ PERTH မြို့၌ ဖွင့်လှစ်မည့် ပြည်သူ့ရေးရာမူဝါဒနှင့် စီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်းသို့ တက်ရောက်ခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မူဝါဒနှင့် ဥပဒေရေးရာဌာနခွဲတွင် လက်ထောက် ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်နေသော ဒေါ်ရီတာထွန်းမြင့်သည် ဩစတြေးလျနိုင်ငံ၊ Perth မြို့ Murdoch University ၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ (၂)နှစ်ကြာ ဖွင့်လှစ်မည့် ပြည်သူ့ရေးရာ မူဝါဒနှင့် စီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်းသို့ တက်ရောက်ရန်အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားပါသည်။