
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

(ဇွန် ၂၃၊ ဘားအံ)
ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် BOT စနစ်အသုံးပြု၍ လမ်းပြုပြင်ဖောက်လုပ်ပြီး လမ်း၊ တံတား အသုံးပြုခ ကောက်ခံခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် ဘားအံမြို့ တွင် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် အဆင့်မြင့်ဟိုတယ် တည်ဆောက် လုပ်ကိုင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများသို့ ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
