
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့်အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့(IMF)တို့ ပူးပေါင်း၍ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့ အထိရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းအချက်များ မှန်ကန်တိကျစွာ ကောက်ယူနိုင်ရေးနှင့်ပတ်သက်သည့် လက်တွေ့ သင်ခန်းစာများပါဝင်သော အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဦးသန့်စင်လွင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ Mr. Yasuhisa Ojima၊ IMF Resident Representative for Myanmar နှင့် Mr. Fernando Lemos ၊ Resident Advisor- IMF TAOLAM တို့ သင်တန်းဖြစ်ပေါ်ရခြင်းနှင့် သင်တန်းကျင်းပရခြင်းများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်း (၃၀) ဦး တက်ရောက်ခဲ့ပါသည်။


