
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ မူကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်တွင် ကြိုတင် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများကို ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးဆောင်ပြီး ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လွှတ်တော်ဝင်း၊ D-ဆောင်၊ ဥပဒေကြမ်း ပူးပေါင်း ကော်မတီအစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး မှ ဥပဒေကြမ်းနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီ၊ အမျိုးသား လွှတ်တော်ဥပဒေကြမ်း ကော်မတီ၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ဥပဒေပညာရှင်များ တက်ရောက်ခဲ့ပါသည်။
