
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက် လာစေရန်နှင့် ပိုမိုကောင်းမွန်သော အဖွဲ့အစည်း ဖြစ်လာစေရန် ရည်ရွယ်၍ KAIZEN for Institutional Capacity Development နှင့် စပ်လျဉ်းသည့် ဌာနတွင်း အသိပညာပေး ဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေမှူးချုပ် ကိုယ်စား ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်တင်အေးဟန်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင် က Power Point Presentation ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများက မေးမြန်းလာသည့် မေးခွန်းများအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ အပြင် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးရှိ ဝန်ထမ်းများကလည်း Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။



