
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဘောင်နှင့် ဆောင်ရွက်မည့် အစီ အစဉ်များ(Myanmar Private Sector Development Framework And Action Plan) စာအုပ်ပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့၊ နေ့လည် (၂:၀၀) နာရီတွင် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ အခမ်း အနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB) မှ တာဝန်ရှိသူများ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ စုစုပေါင်း(၂၅) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။