
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ဦးဆောင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်းရှိ Tsang Yih Co., Ltd. သို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးဒေါ်မိုးမိုးစုကြည် ဦးဆောင်ပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ YJ Co., Ltd. သို့ လည်းကောင်း၊၂၀၂၀ပြည့်နှစ် မေလ၁၆ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ ထို့သို့ စစ်ဆေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်ဌာနများတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆောင်ရွက်ပြီးစီးမှု အခြေအနေများ စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တို့မှ ကျန်းမာရေး စစ်တမ်းကောက်ယူခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်း၊ စက်ရုံ ပုံမှန်လည်ပတ်ထုတ်လုပ်ပြီး နိုင်ငံခြားတင်ပို့နိုင်မှု အခြေအနေများနှင့် ဌာနဆိုင်ရာများမှ ဖြည့်ဆည်း ပေးရန် လိုအပ်သည့် အချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
