
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်(၃)၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းဦး ဦးဆောင်သောအဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ ထန်းတပင်မြို့နယ်၊ လှိုင်သာယာမြို့နယ် တို့တွင် CMP စနစ် ဖြင့် အိတ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် Foam & Foam Mattress အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ ၃ ခု တို့အား ၂၀၂၁ နှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် Video Conferencing စနစ် အသုံးပြု၍ ကြည့်ရှု အားပေးခဲ့ပါသည်။ ထိုသို့ အားပေးရာတွင် စက်ရုံများ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေအနေ၊ Corona Virus Disease 2019 (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူး ဂရုပြုလိုက်နာရမည့် (Version 5.0) အား လိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။


