
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar


ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏အတည်ပြုမိန့်ရယူကာ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသောမင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုနယ်မြေရှိNew Green Land Garment Co., Ltdသို့ ၂၀၁၉ ခုနှစ် မေလ ၂၂ရက်နေ့တွင် သွားရောက်၍ စီးပွားဖြစ်စတင်ရန်ဆောင်ရွက်ထားမှုအခြေအနေများအားစစ်ဆေးခဲ့ပြီးလိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။