“ကမ္ဘာ့တောင်ပိုင်းစက်မှုကုမ္ပဏီလီမိတက်” သို့ ကွင်းဆင်းခြင်း

Print Friendly, PDF & Email

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာသတ္တုများကိုသန့်စင်၍ စက်မှုကုန်ချော ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေသော “ ကမ္ဘာ့တောင်ပိုင်း စက်မှုကုမ္ပဏီလီမိတက်” သို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သွားရောက်ပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။