CUSTOMER SERVICE TRAINING သင်တန်းအမှတ်စဉ် (၃) ၊ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများအား ဦးစီးဌာနသို့ လာရောက်သည့် ဧည့်သည်များအပေါ်တွင် ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ဝန်ထမ်း အချင်းချင်း အပြန်အလှန်နားလည်စွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရက်သတ္တပတ် (၂) ပတ်ကြာ ဖွင့်လှစ်ခဲ့သည့် Customer Service Training သင်တန်း အမှတ်စဉ် (၃)၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(ရုံးချုပ်)၌၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ FORVAL MYANMAR Co.,Ltd.မှ သင်တန်းနည်းပြများ အပါအဝင် သင်တန်းသား၊ သင်တန်းသူများစုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ပါသည်။