
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

The European Chamber of Commerce in Myanmar (EUROCHAM) နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) တို့၏ အစီအစဉ်ဖြင့် The Business Climate in upper Myanmar ဆွေးနွေးပွဲအား ၂၀၁၉ ခုနှစ် မေလ ၂၁ ရက်နေ့တွင် MRCCI အစည်းအဝေးခန်းမ၊ မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် EUROCHAM Myanmar မှ ဥက္ကဋ္ဌ ဖြစ်သူ Mr. David Levrat တို့မှ အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ပါသည်။
ယခုဆွေးနွေးပွဲသည် မြန်မာနိုင်ငံအထက်ပိုင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် ကျွမ်းကျင်လုပ်သား နည်းပါးခြင်းနှင့် လုံလောက်သော လျှပ်စစ်စွမ်းအား ရရှိနိုင်ရေးအပါအဝင် မူဝါဒနှင့်စည်းမျဉ်း စည်းကမ်းဆိုင်ရာကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြပြီး ဥရောပလုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါပွဲတွင် The European Chamber of Commerce in Myanmar (EUROCHAM) နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) မှ ကိုယ်စားလှယ် ၇၅ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

