TRADE POLICY REVIEW CONSULTANT နှင့်တွေ့ဆုံခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးသန့်စင်လွင်သည် TPR consultant ဖြစ်သူ Ms. Hadil Jijazi နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေး ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်ခံ တွေ့ဆုံခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ကုန်သွယ်ရေးမူဝါဒဆန်းစစ်ချက်ဆိုင်ရာ အစိုးရ အစီရင်ခံစာအတွက် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအခြေအနေများနှင့် စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြပါသည်။