လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Print Friendly, PDF & Email

ထုတ်ကုန်ပစ္စည်းများအား ပြည်ပသို့ ရာနှုန်းပြည့် တင်ပို့သည့် လုပ်ငန်းများနှင့် အမိန့် ကြော်ငြာစာအမှတ် (၈၇/၂၀၁၇) အရ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်း ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဦးဆောင်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ စက်မှုလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများအား ဖိတ်ကြား၍ ညှိနှိုင်းအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။