
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ AustCham Myanmar နှင့် မြန်မာနိုင်ငံ လူငယ်စွန့် ဦးတီထွင် လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ရှင်းလင်းပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မေလ ၃၀ရက်နေ့ နေ့လည်ပိုင်းတွင် မန္တလေးမြို့၊ Hilton Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦး တီထွင် လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်များ၊ ပုဂ္ဂလိက အသင်းများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းနှင့် ပြည်နယ်ရုံးခွဲများ မှ တာဝန်ရှိသူများနှင့် AustCham Myanmar မှ ဥပဒေရေးရာ အကြံပေးများ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ကြပါသည်။
