
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သဘာဝ ရာဘာများအား အဆင့်မြှင့်တင်ရောစပ် ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် သီလဝါစက်မှုဇုန်၊ သန်လျင်-ကျောက်တန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Southland Myanmar Rubber Co.,Ltdသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပတ်၀န်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မှု၊ ကုန်ထုတ်လုပ်မှု အတွက် ပြင်ဆင်ထားရှိမှုအခြေအနေ၊ အလုပ်သမား ခန့်ထားမှု၊ ပတ်၀န်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ လုပ်ငန်းခွင် လုံခြုံရေးအခြေအနေစသည်များကို ၂၀၁၈ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင်သွားရောက် စစ်ဆေးပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။