YANGON INVESTMENT FORUM 2018 ကျင်းပခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီတို့မှ ကြီးမှူးကျင်းပ ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပြည်ထောင်စုသမ္မတ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ German Cooperation through GIZ နှင့်Myanmar Investors  Development Association (MIDA)၊  PwC Myanmar တို့၏ ပူးပေါင်းပံ့ပိုးမှုဖြင့် Yangon Investment Forum 2018 ကို Novotel Yangon Max Hotel ၌ ၂၀၁၈ ခုနှစ် မေလ ၉ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ Forum သို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ဦးဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဧည့်သည်တော်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ စုစုပေါင်း ၁၂၀၀ ကျော်ခန့် တက်ရောက် ခဲ့ပါသည်။

Forum ၏ နံနက်ပိုင်းတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းမှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်အကျဉ်းချုပ် Video ကို ပြသခဲ့ပါသည်။ MIDA ဥက္ကဋ္ဌ ဦးခင်မောင်အေး နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံရုံးမှ Head of Cooperation, Dr. Kathrina Spiess တို့မှ နှုတ်ခွန်းဆက်စကားများကို အသီးသီးပြောကြားခဲ့ပါသည်။

ထို့အပြင် Forum တွင် PwC Singapore, Deputy Managing Partner,PwC Myanmar Managing Director Mr.Chao Choon Ong မှ Doing Business in Yangon ကိုလည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်မှ Current Investment Situation in Yangon ကို လည်းကောင်း အသီးသီးဆွေးနွေး ရှင်းလင်းခဲ့ပါသည်။ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ Securities and Exchange Commission of Myanmar အဖွဲ့ဝင် ဦးဌေးချွန်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဒေါ်မြမြဦး၊  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွဲဖက်အတွင်း‌ရေးမှူး ဦးသန်း၊  DFID / Uk Aid ၊ DaNa Facility မှ Team Leader Mr. Peter Brimble တို့မှ The Investment Framework in Myanmar ခေါင်းစဉ်ဖြင့် Panel Discussion ကို ဆွေးနွေးခဲ့ပြီး PwC  Singapore မှ Senior Executive Director Mr. Jovi Seet မှ Facilitator  အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းမှ Investment Strategy in the Yangon Region ကို Video Presentation တို့ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ Forum ၌ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါ်ချိုချိုဝင်းက သီလဝါ အထူးစီးပွားရေးဇုန် တည်ထောင်ခဲ့သည့် အတွေ့အကြုံများနှင့် တွေ့ကြုံနေရသည့် အခက်အခဲများကို လည်းကောင်း၊ KMA Group of Companies မှ Executive Director ဦးကောင်းထက်ထွန်းမှ MIDA Projects ကို လည်ကောင်း၊ MIDA မှ Investment Facilitator ဒေါ်နှင်းထက်အောင်မှ Yangon City Project(High-rise) နှင့် MIDA မှ Investment Facilitator ဦးအောင်လွင်သန့်မှ Za Yetkwin Garden Industrial Park  နှင့် Yangon City Light Industrial Park တို့ကို Private  Sector Projects in Yangon ခေါင်းစဉ်အောက်တွင် အသီးသီး ‌ဆွေးနွေး ခဲ့ကြပါသည်။

ထို့နောက် Private  Sector’s Perspectives Focusing on Agriculture  , Energy & Electricity , Logistics , Tourism , Textile & Garment , Banking Sectors ‌ခေါင်းစဉ်ဖြင့် Panel Discussion ကို ဆွေးနွေးခဲ့ပြီး Panel Discussion ၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် NLD ဗဟိုစီးပွားရေး ကော်မတီအဖွဲ့ဝင် ဦးအေးလွင်၊ UMFCCI  မှ CEC  ဦး‌အောင်ဇော်နိုင်၊ New Yangon Development Co., Ltd  ၊ Finance and Operation မှ Head ဖြစ်သူ Daw Kim Chawsu  Myanmar Oil & Gas Services Society မှ ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင် ၊ FDI Hotels မှ Chairman Mr. Sukhdeep Singh ၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့မှ အသီးသီးဆွေးနွေး၍ Facilitator အဖြစ် UMFCCI မှ ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆောင်ရွက် ခဲ့ပါသည်။

Forum ပိတ်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် ဦးမြင့်သောင်းမှ ကျေးဇူးတင်စကား  ပြောကြားခဲ့ပါသည်။ Forum သည် ညနေ ၁၇:၀၀ နာရီ​ကျော်ခန့်တွင် ပြီးဆုံး၍ ည ၁၉:၀၀ နာရီ တွင် MIDA မှ တည်ခင်းသော Networking Dinner အား ကျင်းပ၍ အခမ်းအနားပြီးဆုံးခဲ့ပါသည်။