
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် မော်တော်ယာဉ် ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် စက်မူဇုန်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးရှိ Super Seven Star Motors Industry Company Limited နှင့်Dynamic Industry Company Limited တို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီများ၏ လုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေ၊ ထုတ်လုပ်မှု အခြေအနေ၊ အလုပ်သမားခန့်ထားမှု၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်မှု စသည်များကို ၂၀၁၇ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ပါသည်။