
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းဦး ဦးဆောင် သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အရည် အသွေးမီ တန်းမြင့်ဆန်နှင့်ဆန်ကွဲ ထုတ်လုပ်၍ ရာနှုန်းပြည့် ပြည်ပတင်ပို့ခြင်းလုပ်ငန်းနှင့် မှော်ဘီမြို့နယ်ရှိ CMP စနစ်ဖြင့် အဝတ်အထည်များချုပ်လုပ်ခြင်း လုပ်ငန်းတို့အား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါ သည်။
