
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရ ဒေသအစိုးရ (The Government of the Hong Kong Special Administration Region) နှင့် ဟောင်ကောင်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (Hong Kong Trade Development Council) တို့ပူးပေါင်း၍ Virtual စနစ်ဖြင့် ကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ ကမ္ဘာလုံးဆိုင်ရာ ဖိုရမ် နှစ်ပတ်လည် စကားဝိုင်း ဆွေးနွေးပွဲ (Belt and Road Global Forum Annual Roundtable 2021) ဆွေးနွေးပွဲသို့ ယနေ့မွန်းလွဲပိုင်းတွင် တက်ရောက် ခဲ့ပါသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း၏ ပူးပေါင်း ဆောင်ရွက်မှုများ၊ ဆက်သွယ်မှုကွန်ယက်များနှင့် ပညာရပ်ပိုင်းဆိုင်ရာ အတွေးအမြင်များ တိုးတက်လာစေခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်၊ ချိတ်ဆက်မှု ကွန်ယက်တစ်ခုဖြစ်လာ စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။
ဆွေးနွေးပွဲတွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) နှင့် ကွမ်ဒေါင်း-ဟောင်ကောင်-မကာအို ပင်လယ်အော်ဒေသ ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အာဆီယံဒေသတွင်း သာမက ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ချိတ်ဆက်မှု အခြေအနေ များအပေါ် အမြင်ခြင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲသို့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ စီးပွားရေး လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံ သူများ၊ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များပါဝင် တက်ရောက်ခဲ့ကြပါသည်။
