
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းအစည်းအဝေးသို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ဆွတ်ပိုင်ကုမ္ပဏီလီမိတက်မှ တင်ပြလာသော သဘာဝ အခြေခံ ဟိုတယ်နှင့် အပန်းဖြေစခန်း ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းအား အတည်ပြုမိန့် ထုတ်ပေးခဲ့ ပါသည်။