
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
စတုတ္တအကြိမ်မြောက် e-Government Conference & ICT Exhibition ကို နေပြည်တော် MICC-2 ၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ ဒုတိယနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံကိုယ်စားပြု၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအား The ASIAN-OCEANIAN Computing Industry Organization (ASOCIO) မှ ချီးမြှင့်သည့် “Outstanding User Organization Award”ကို မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ ဦးထင်အောင်ခိုင်မှ ညွှန်ကြားရေးမှူးချုပ်၊ ဦးသန့်စင်လွင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
အဆိုပါဆုသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ မှ ၁၄ ရက်နေ့ထိ ကျင်းပပြုလုပ်သည့် ASOCIO-PIKOM Digital Summit 2019 တွင် ASOCIO မှ “Outstanding User Organization Award” ကို မြန်မာနိုင်ငံ ကိုယ်စားပြု၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနကို ချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။
ASOCIO သည် အာရှနှင့် သမုဒ္ဒရာဒေသရှိ နိုင်ငံပေါင်း (၂၄) နိုင်ငံ ကိုယ်စားပြု IT Industry အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားပြီး Outstanding User Organization Award ကို မြန်မာနိုင်ငံ၏ ကုမ္ပဏီများနှင့် မှတ်ပုံတင်ထားသော အဖွဲ့အစည်းများအားလုံးအတွက် အများနှင့်သက်ဆိုင်သော မှတ်ပုံတင်စနစ်တစ်ရပ်အနေဖြင့် အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင်စနစ် (MyCO) ကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့သည့်အတွက် ပေးအပ်ချီးမြှင့်ခဲ့ ခြင်း ဖြစ်ပါသည်။