
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဌာန၏ စတုတ္ထအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲ အခမ်းအနားအား ရန်ကုန်ရုံးချုပ်၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဉီးစီးဌာန၏ ဝန်ထမ်းများ အချင်းချင်းစည်းလုံးညီညွတ်မှုပိုမိုရရှိစေရန်နှင့် အသင်းအဖွဲ့ စိတ်ဓါတ် ပိုမိုရင့်သန်ခိုင်မာ စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါသည်။
အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဉီးသန့်စင်လွင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် တွဲဖက် အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် အားပေးခဲ့ကြပါသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဉီးစီးဌာန၏ ဌာနခွဲအသီးသီးမှ ဝန်ထမ်းများပါသည့် ပြိုင်ပွဲဝင်အဖွဲ့များသည် အဖွဲ့(၆)ဖွဲ့ခွဲ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါ သည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် တွဲဖက်အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ ဆုရရှိသည့် အသင်းများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါ သည်။






