
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံတွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးအတွက် ၂၀၁၉ခုနှစ် ဇန်နဝါရီလ မှစ၍ အကြံပေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မတီအနေဖြင့် မြန်မာနိုင်ငံတွင် ကော်ပိုရိတ်စီမံ အုပ်ချုပ်မှု တိုးတက်စေရန် အလေးအနက်ထား ဆွေးနွေးခဲ့ကြပါသည်။ ပထမဆုံး မှတ်တိုင်အနေဖြင့် ယနေ့တွင် အကြံပေးကော်မတီမှ ဖွင့်ဟထုတ်ဖော်မှု၊ သီးခြားလွတ်လပ်သော ဒါရိုက်တာများ၊ စာရင်းစစ် ကော်မတီ၊ ဌာနတွင်း ထိန်းချုပ်ကွပ်ကဲမှု စသည့် အခန်းကဏ္ဍများပါဝင်သည့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အမိန့်ကြော်ငြာစာ မူကြမ်းအား အတည်ပြုခဲ့ပါသည်။ အဆိုပါ အမိန့်ကြော်ငြာစာသည် စာရင်းဝင် ကုမ္ပဏီများနှင့် အစုရှယ်ယာရှင် ၁၀၀ နှင့်အထက်ရှိသည့် အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများ လိုက်နာရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ဥပဒေရေးရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးပါက အဆိုပါ အမိန့်ကြော်ငြာစာအား ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ထုတ်ပြန်ရန် နှင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ တွင် စတင်အသက်ဝင်ရန် စီစဉ်ထားပါသည်။
ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အမိန့်ကြော်ငြာစာအရ မြန်မာနိုင်ငံ အရင်းအနှီးဈေးကွက်တွင် ရင်းနှီး မြှုပ်နှံသူများ၏ ယုံကြည်မှုနှင့် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ တိုးမြှင့်လာနိုင်မည် ဖြစ်ကြောင်း၊ အကြံပေးကော်မတီအနေဖြင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု တိုးတက်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက် မည်ဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း အရင်းအနှီးဈေးကွက်များ ပိုမိုတိုးတက်စေရန် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ခေတ္တအကြံပေးကော်မတီဥက္ကဌ ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး မှ ပြောကြားခဲ့ပါသည်။
အကြံပေးကော်မတီမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့်ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အမိန့် ကြော်ငြာစာ နှင့် စပ်လျဉ်း၍ သိရှိလိုပါက OECD မှ Senior Policy Analyst ဖြစ်သူ Mr.Kenta Fukamien ၏အီးမေးလ် Kenta.Fukami@oecd.org သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မြန်မာနိုင်ငံတော်ပိုရိတ်စီမံအုပ်ချုပ်မှု အကြံပေးကော်မတီအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပါသည်။
OECD ကော်ပိုရိတ်စီမံအုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌဟောင်းဖြစ်သူ Mr.Marcello Bianchi မှ အကြံပေး ကော်မတီ ဥက္ကဌ အဖြစ်တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။
အဖွဲ့ဝင်များမှာ
– ဦးအောင်နိုင်ဦး (အမြဲတမ်းအတွင်းဝန်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန)
– ဒေါ်တင်မေဦး (ကော်မရှင်အဖွဲ့ဝင်၊ SECM)
– ဦးသန့်စင်လွင် (ညွှန်ကြားရေးမှူးချုပ်၊ DICA)
– ဦးဝင်းသင် (နာယက၊ MICPA)
– ဦးဇော်မင်းဝင်း (ဥက္ကဌ၊ UMFCCI)
– ဒေါ်တင်ညိုထွန်း (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
– Dr. Christine Chow (Director, EOS, Hermes Fund Management)
– Mr. AnarAliyev (IFC)
– Mr. Masaharu Harada (Director, YSX, လေ့လာသူအဖြစ်တက်ရောက်သူ)

