
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၁) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်ကိုနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် လျှပ်စစ်ကဏ္ဍအတွက် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၁)ခုနှင့် စက်မှုကဏ္ဍအတွက် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခု စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၂)ခုတို့အား အတည်ပြုမိန့်ထုတ်ပေးခဲ့ပါသည်။ အဆိုပါ လုပ်ငန်း(၂)ခု၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄.၃၀၈ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ၇၀၉ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။