
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းဦး ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့ရှိ CMP စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော အရုပ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဖိနပ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ပြည်တွင်းတွင် ဝယ်ယူကြိတ်ခွဲပြီး ပြည်ပသို့ ရာနှုန်းပြည့် ဆန်ချော တင်ပို့ရောင်းချခြင်းလုပ်ငန်း၊ အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းများသို့ သွားရောက်ခဲ့ကြပါသည်။
အဆိုပါအဖွဲ့သည် စီးပွားဖြစ် စတင်လည်ပတ် ထုတ်လုပ်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့် အချက်များ (Version 5.0) အား လိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။