ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Print Friendly, PDF & Email

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး (၄/၂၀၂၀) ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၉ ရက်နေ့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့ရာ ကော်မတီ ဥက္ကဌ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ကော်မတီဝင်များ၊ ဌာနဆိုင်ရာအထူးဖိတ်ကြားထားသူများနှင့် ရင်းနှီးမြှုပ်နှံသူ များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃)ခုမှ အတည်ပြုမိန့် လျှောက်ထား လာခြင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းလုပ်ငန်းလည်ပတ်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅)ခုမှ ရင်းနှီး မြှုပ်နှံမှု ပမာဏ တိုးမြှင့်ရန်လျှောက်ထားလာခြင်း၊ အတည်ပြုမိန့်ပြင်ဆင်ခွင့် လျှောက်ထားလာခြင်း တို့အပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

အထက်ပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၈.၁၁၉ သန်းနှင့် ကျပ်ငွေ သန်း ၆၈၀ စီးဝင်လာမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ၁၀၀၀ ခန့်ဖန်တီး ပေးနိုင်မည် ဖြစ်ပါသည်။