
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်း မြန်မာကျပ် (၁၃၀၆.၃၅၈) (အမေရိကန်ဒေါ်လာ ၀.၀၅၉ သန်းအပါအဝင်) သန်းခန့်ရှိသော ပြောင်းအခြောက်ခံသန့်စင် သိုလှောင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို အတည်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၉ ဦးဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍ အစည်းအဝေးက သရက်သီးသန့်စင် ထုတ်ပိုးရောင်း ချခြင်းလုပ်ငန်းမှ ရင်းနှီးမြှုပ်နှံမှုသက်တမ်းတိုးမြှင့် ခွင့်တင်ပြလာခြင်းအား ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။