
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၁။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)၏ MyCO စနစ်၌ ရန်ကုန် တိုင်းဒေသကြီးလိပ်စာဖြင့် မှတ်ပုံတင်၍ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသော ကုမ္ပဏီများအနေဖြင့် ကိုဗစ်ရောဂါ ဘေးအန္တရာယ်ကင်းစွာဖြင့် လုပ်ငန်းများ လွယ်ကူချောမွေ့ စွာလည်ပတ်နိုင်ရန် ရည်ရွယ်ပြီး ကုမ္ပဏီရှိ ဒါရိုက်တာများ၊ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် DICA တို့ကပူးပေါင်း၍ ထိုးနှံပေးသွားမည်ဖြစ်ပါသည်။
၂။ ကာကွယ်ဆေးထိုးနှံလိုသည့် ကုမ္ပဏီ ဒါရိုက်တာများ၊ ဝန်ထမ်းများအနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ၂၂ ရက်နေ့မှ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့အထိ အောက်ဖော်ပြပါ link တွင် စာရင်းပေးသွင်းနိုင်မည်ဖြစ်ပြီး ဆေးထိုးရမည့် နေ့ရက်၊ အချိန် နှင့် နေရာကို ထပ်မံကြေညာ ပေးသွားမည်ဖြစ်ပါသည်။
၃။ ကာကွယ်ဆေးထိုးနှံရန်အတွက် စာရင်းပေးသွင်းရာတွင် ၂ ကြိမ် ကာကွယ်ဆေး ထိုးပြီးသူများ ထပ်မံစာရင်းသွင်းခြင်းမပြုလုပ်ပါရန်နှင့် အသက် ၁၈ နှစ် ပြည့်ပြီးသူများသာ စာရင်းပေးသွင်း ပါရန် အသိပေးကြေညာအပ်ပါသည်။
Link: http://dicamycovaccineyangon.com/
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန