
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတည်ပြုမိန့်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန်မြို့နယ်တွင် ကုန်စည်များ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက် လျှက်ရှိသော “Shwe Ming Fa International Logisitcs Co., Ltd” သို့ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းအဖွဲ့ သည် စီးပွားဖြစ် စတင်သည့်နေ့အား သတ်မှတ်ပေးပါရန်နှင့် ဝင်ငွေခွန် ကင်းလွတ်ခွင့် ခံစားခွင့် ပြုပါရန် တင်ပြ လာခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် သွားရောက် ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
