
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်း၍ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းဆိုင်ရာမူဘောင် ဖြစ်ပေါ်လာရေးအတွက် Sub-Group – 1: Legal Aspect နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့၊ ညနေ ၃း၀၀ နာရီတွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးခန်းမတွင် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ခေါင်းဆောင်သော Task Force အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ JICA Myanmar Office နှင့် Kelvin Chia Yangon Ltd. တို့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး JICA Myanmar Office နှင့် Kelvin Chia Yangon Ltd. မှ တာဝန်ရှိသူများက Sub-Group – 1: Legal Aspect နှင့်ပတ်သက်၍ PPP စီမံကိန်းများအတွက် ဦးစားပေးကဏ္ဍများအလိုက် ၎င်းတို့ လေ့လာထားသည့် တွေ့ရှိချက်များအား ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများနှင့် အပြန်အလှန် ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

