ဟိုး(လ်)အင်(န်)ဝမ်း ကျောက်မျက်ရတနာ ကုမ္ပဏီလီမိတက်သို့ ကွင်းဆင်း ဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ရာဘာပြား ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် မော်ဖောင်းကျေးရွာအုပ်စု၊ မြစ်ကြီးနားမြို့နယ်၊ ကချင်ပြည်နယ်ရှိ ဟိုး(လ်) အင်(န်)ဝမ်း ကျောက်မျက် ရတနာ ကုမ္ပဏီလီမိတက်သို့ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်၀န်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် သွားရောက်ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ပါသည်။