
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊United Nations Economic and Social Commission for Asia and the Pacific (UNESCAP)နှင့် DaNa Facility(UKAid)တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့ရေး အလုပ်ရုံဆွေးနွေးပွဲ (အထက်မြန်မာပြည်)ဖွင့်ပွဲအခမ်းအနားအား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ၂၀၁၇ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဗြိတိန်နိုင်ငံ သံအမတ်ကြီးMr. Andrew Patrick၊UNESCAP, Business and Development; Trade, Investment and Innovation Division မှ Chief ဖြစ်သူ Mr. Marc Proksch တို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေအားခြုံငုံသုံးသပ်ခြင်း ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရန်၊ ရင်းနှီး မြှုပ်နှံသူများအနေဖြင့် လုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရန်နှင့် ရင်းနှီး မြှုပ်နှံမှု ကော်မတီဝင်များ၏ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အထက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များ၊ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းများနှင့် ကုန်သွယ်မှုဗဟိုဌာန များမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အရာထမ်းများနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၈၀ ဦးခန့်တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲအား ၂၀၁၇ ခုနှစ် ဇွန်လ ၂၁ ရက်နေ့အထိ ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။






