
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်းကို အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ၊ ဦးဇော်မင်း ဦးဆောင်ပြီး ၂ဝ၁၇ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အစည်းအဝေးခန်းမ၊ နေပြည်တော် ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၊ အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူများ နှင့် အာရှဖွံ့ဖြိုးမှုဘဏ် မှ ဥပဒေပညာရှင်များ တက်ရောက်ခဲ့ပါသည်။